Home > အေဈေး သင့်ဈေး



Azay မိတ်ဆက်  

Azay သည် မြန်မာနိုင်ငံ၏ လက်ကားစျေးကွက်တွင် အကြီးမားဆုံးနှင့်အစုံလင်ဆုံးA to Zမည်သည့်ပစ္စည်းမဆိုရရှိနိုင်မည့် ကုမ္ပဏီတခုအဖြစ်ရပ်တည်သွားမည်ဖြစ်သည်။

 

လုပ်ငန်းကျွမ်းကျင်သူတို့လိုအပ်ချက်ဖြည့်စွက်ဖို့ စျေးကွက်ကျွမ်းကျင်သူအဖြစ်ရပ်တည်သွားမယ့် AZAY   

Azay က လူကြီးမင်းတို့ရဲ့လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့်  ပြည်တွင်းဟိုတယ် ၊စားသောက်ဆိုင် ၊ကန်တင်းများ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များသို့ ဖြန့်ချီ ရောင်းချသော ဖြန့်ချီရေး ကုမ္ပဏီများ၊ လက်လီအရောင်းဆိုင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် လည်းလက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

 

 အေစျေး- သင့်စျေး

Azay က လုပ်ငန်းတိုင်းရဲ့အဓိကလိုအပ်ချက်နဲ့ကိုက်ညီအောင်  

Dry Food (ကုန်ခြောက်ပစ္စည်းများ ) ၊

Fresh Food  (ကုန်စိုများ )  ၊

Non food (လူသုံးကုန်ပစ္စည်းများ )

များကိုလည်းအမျိုးအစားစုံလင်စွာ HACCP နိုင်ငံတကာစားနပ်ရိက္ခာလုံခြုံမှု နှင့် အရည်အသွေးစံချိန်စံညွှန်းများ ကိုက်ညီသော  အသိမှတ်ပြုအရည်သွေးပြည့်ပံ့ပိုးမှုများ နှင့် Online/ Offline/ outlet (Omini Channel) ဖြင့် ပံ့ပို့းရောင်းချပေးသွားမှာဖြစ်ပါတယ်။

 

Azay - အွန်လိုင်း ဝက်ဘ်ဆိုက်မှ ဝယ်ယူနိုင်မှု  

www.azay.com.mm အွန်လိုင်းဝက်ဘ်ဆိုက်က အေစျေး မှ လွယ်ကူအချိန်ကုန်သက်သာစွာ ပစ္စည်းမှာယူနိုင်အောင် ဆောင်ရွက်ပေးထားတဲ့ အွန်လိုင်းပလက်ဖောင်းတခုဖြစ်ပါတယ်။ Browser မှတဆင့် လွယ်ကူစွာဝင်ရောက်နိုင်ပြီး ဝက်ဘ်ဆိုက်တွင် ပစ္စည်းအမျိုးအစားအလိုက်အသေးစိတ်ဖော်ပြပေးထားခြင်း ၊ update စျေးနှုန်းများပါရှိခြင်း ၊ ကုန်ပစ္စည်းရရှိမှုများ ၊  update ပရိုမိုရှင်းများ ၊ ကုန်ပစ္စည်းအသစ်မိတ်ဆက်မှုများကိုလည်း အချိန်နှင့်တပြေးညီဖော်ပြပေး ထားပါတယ်။ အေစျေးဝက်ဘ်ဆိုက်ရဲ့အားသာချက်အနေဖြင့် အများနှင့်မတူထူးခြားသည့် လုပ်ဆောင်ချက်ဖြစ်သော Recurring order လုပ်ဆောင်ချက်ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ Recurring order သည်  ကုန်ပစ္စည်းများကို လိုအပ်ချိန်တွင်မှာယူပါက ပစ္စည်းပြတ်လပ်မှုအတွက် မစိုးရိမ်ရစေရန် မိမိရရှိလိုသည့် ရက်မတိုင်ခင်ကြိုတင်မှာယူထားခြင်း လုပ်ဆောင်ချက်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်ကို မိမိကွန်ပြူတာတွင်ပြုလုပ်ထားသည့် Shopping List ( စျေးဝယ်ပစ္စည်းစာရင်း)အတိုင်း Import လုပ်ပေးရုံဖြင့် လွယ်ကူစွာ အော်ဒါမှာယူနိုင်မှာဖြစ်ပါတယ်။

 

 Azay ဝန်ဆောင်မှုစင်တာ

 Azay အနေဖြင့် လူကြီးမင်းတို့နှင့်အတူပိုမိုရင်းနှီးနွေးထွေးစွာကူညီပေးနိုင်ရန်အတွက် ဝန်ဆောင်မှုစင်တာကိုလည်းထားရှိပေးထားပြီး လူကြီးမင်းတို့အနေဖြင့် ဝက်ဘ်ဆိုက်နှင့်ပက်သတ်၍ မေးမြန်းလိုလျှင်ဖြစ်စေ ၊ ပစ္စည်းစတင်မှာယူစဉ် အခက်အခဲရှိလျှင်ဖြစ်စေ ၊ မှာယူပြီးထားသောပစ္စည်းများအတွက် အခြေအနေစုံစမ်းမေးမြန်းလိုလျှင်ဖြစ်စေ Azay ဝန်ဆောင်မှုစင်တာသို့  ဖုန်းခေါ်ဆိုခြင်း ၊စာတိုပေးပို့ခြင်း  ၊မိုဘိုင်းအပလီကေးရှင်းမှတဆင့် မက်ဆေ့ချ်ပေးပို့ခြင်းဖြင့်  မေးမြန်းနိုင်ပါတယ် ။

 Azay စတိုး

Azay အနေဖြင့် လာမည့် ၂၀၂၁ ခုနှစ်အတွင်းမှာ ရန်ကုန်မြို့၏အချက်အချာကျမည့်နေရာမှာပင်  ဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ စတုရန်းမီတာ၄ဝဝဝကျော်အကျယ်အဝန်းရှိတဲ့   Azay warehouse store တွင် ကုန်ခြောက် ၊ကုန်စိုနဲ့ အေးခဲအသားများဖြင့် လူကြီးမင်းတို့ကို တနေရာတည်းမှာ အကုန် ရနိူင်သော လက်ကားစတိုးတွင် စျေးဝယ်ခြင်းအတွေ့အကြုံသစ် အဖြစ်ဖြင့် ပေးစွမ်းသွားဖို့ ရည်ရွယ်ထားပါတယ်။  အသားများနှင့် ပင်လယ်စာများကို လူကြီးမင်းတို့၏တဦးချင်းစီတိုင်းရဲ့လိုအပ်ချက်နဲ့အညီ ပြုပြင်ပြောင်းလဲ၍ အထူးထုတ်လုပ်ပေးနိုင်ရန် နေရာများ စီစဉ်ထားခြင်း၊ သရုပ်ပြ ချက်ပြုတ်သော မီးဖိုချောင်၊ ဝိုင်များ သိုလှောင်ရန် အခန်း၊ ချိစ်များ ပြုလုပ်ရာ၊ သိုလှောင်ရာ အခန်း၊ အသားများ သိုလှောင်ခြင်း၊ ဝိုင် အကြောင်း ကျွမ်းကျင် သူများ၊ ဝယ်ယူသူများ စိတ်ကြိုက် ဝန်ဆောင်မှု ပေးခြင်းနှင့် သက်ဆိုင်သော အခြားလုပ်ငန်း နယ်ပယ်များတွင် ကျွမ်းကျင်သူများ နှင့် အခြားလိုအပ်သည်များကို Azay Store တွင် စီစဉ်ထားပါတယ်။

 

Azay အနေဖြင့် အကောင်းဆုံးသောဝန်ဆောင်မှုနှင့် စျေးဝယ်အတွေ့အကြုံတို့ကို လူကြီးမင်းတို့အတွက်ပေးစွမ်းသွားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေသည့်အပြင် ရရှိထားသော နိုင်ငံတကာစံချိန်စံညွှန်းမီ HACCP လက်မှတ်ရှိထားသည်နှင့် အညီ  အစားအသောက်သန့်ရှင်းမှုနှင့်စိတ်ချရမှုတို့အတွက်လည်း အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်

 

 

ပစ္စည်းပို့ဆောင်ပေးခြင်း

လူကြီးမင်းတို့အဆင်ပြေမှုကို ဦးစားပေးစဉ်းစားပေးလျက်ရှိသည့် Azay အနေဖြင့် မှာယူသည့် အိမ်/ဆိုင်အရောက် ပစ္စည်းပေးပို့ပေးခြင်းဝန်ဆောင်မှုကို လည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ အေစျေးဝက်ဘ်ဆိုက်မှတဆင့် မှာယူလျှင်ဖြစ်စေ ၊အေစျေးဝန်ဆောင်မှုစင်တာသို့ ဖုန်းဆက်မှာယူလျှင်ဖြစ်စေ ၊အေစျေးoutletစတိုးသို့ကိုယ်တိုင်လာရောက်ရွေးချယ်ဝယ်ယူလျှင်ဖြစ်စေ အဆင်ပြေမည့်နည်းလမ်းများဖြင့် အိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်ပေးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။  

 

ဆက်သွယ်မေးမြန်းလိုပါက

အေစျေးတွင်စာရင်းပေးသွင်းရန်၊ လိုအပ်သည့်အချက်အလက်များမေးမြန်းသိရှိလိုပါက  

ဖုန်းနံပါတ်  -၀၉၇၇၈၄၉၆၄၈၀

မေးလ် - info@azay.com.mm